၂၁ ဖေဖော်ဝါရီ
သောကြာနေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်လောင်းများကို စစ်ဆေးခြင်းနှင့် ပတ်သက်သည့် အီရန်အရာရှိ ငါးဦးအား အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခဲ့သည်။
တာဝန်ရှိသူများထဲတွင် ဂါးဒီးယန်းကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ အာမက် ဂျန်နာတီနှင့် အခြားအဖွဲ့ဝင် တစ်ဦး နှင့် ရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးမှူး သုံးဦးလည်း ပါဝင်ခဲ့သည်။
ဂါးဒီးယန်း ကောင်စီသည် အီရန်ခေါင်းဆောင်မှု၏ အာဏာအောက်တွင် ရှိသည့် အဖွဲ့အစည်းဖြစ်သည်။
အစိုးရအပေါ် သစ္စာရှိမှုကဲ့သို့သော စံနှုန်းများအပေါ် အခြေခံပြီး အမျိုးသားရွေးကောက်ပွဲများအတွက် အလားအလာရှိသည့် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့က စစ်ဆေးခြင်းဖြစ်သည်။
သောကြာနေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ ကောင်စီသည် ပြုပြင်ပြောင်းလဲရေးသမားများနှင့် အလယ်အလတ်တန်းစားများအား အရည်အချင်းမပြည့်မှီကြောင်း သတ်မှတ်ခဲ့သည်။
အီရန်အရာရှိငါးဦးသည် အီရန်ပြည်သူများအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ငြင်းပယ်ခဲ့ကြောင်း အီရန်နိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဖြစ်သည့် ဘရိုင်ယန်ဟွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
တိုင်းပြည်၏ ရွေးကောက်ပွဲ တရားဝင်မှုမှာ မေးခွန်းထုတ်စရာဖြစ်ပြီး အီရန်ခေါင်းဆောင်များအား အမေရိကန်အစိုးရက ဖိအားပေးရန် ကြိုးစားနေပုံရသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


