ဝါရှင်တန် ၄ ဇန်နဝါရီ

 

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ အဆင့်မြင့်တပ်မှူးတစ်ဦးသည် အမေရိကန်၏ အီရတ်မြို့တော် ဘဂ္ဂဒက်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဇန်နဝါရီ ၃ ရက်က ဖော်ပြခဲ့သည်။

 

ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီသည် ဘဂ္ဂဒက်လေဆိပ်အနီး ၎င်း၏အဖွဲ့များနှင့်အတူ ရှိနေစဉ် အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ တပ်ဖွဲ့ဝင်များနှင့်အတူ သေဆုံးခဲ့ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ဖော်ပြခဲ့သည်။

 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက သမ္မတ၏ ညွှန်ကြားချက်အရ နိုင်ငံကြားရှိ အမေရိကန် စစ်ဘက်ကို ကာဆမ်းဆိုလန်းမန်းနီ နှင့် ၎င်း၏တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ယခုလို ထိုးစစ်ဆင်နွှဲလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ဆိုလဲ့မနီသည် ကာ့ဒ်(စ်)တပ်ဖွဲ့၏ တပ်မမှူး တစ်ဦးဖြစ်ပြီး ယင်းတပ်ဖွဲ့သည် အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့တွင် ပါဝင်သည်။ အစ္စလာမ္မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့သည် အီရန်နိုင်ငံ၏ နယ်နိမိတ်ပိုင်နက်ဆိုင်ရာ စစ်ဆင်ရေးအတွက် တာဝန်ယူထားရသည်။

 

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရတ်ဟာ့ရှက်ရှာဘီအရန်တပ်ဖွဲ့မှ ဒုတိယခေါင်းဆောင် တပ်မှူးကြီး အဘူမာဒီ အယ်လ်မူဟမ်ဒစ်လည်း သေဆုံးခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ၏ အနာဂတ်တွင် တိုက်ခိုက်လာနိုင်ခြေရှိသည့် အစီအစဉ်များကို ကြိုတင်ခုခံကာကွယ်သည့် အနေဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

အီရန်ခေါင်းဆောင် အရာတိုလာအလီခါမေ နီက အမေရိကန်ပြည်ထောင်စုကို လက်စားချေ တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ခ်ျကေ၊ ဆင်ဟွာ