အီရန်စစ်လေယာဉ်တစ်စင်းပျက်ကျရာ ၁၅ ဦးသေဆုံး

တီဟီရန် ၁၄ ဇန်နဝါရီ

 

အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့ရဲ့ အနောက်ဘက်မှာ ဘိုးရင်း ၇၀၇ စစ်တပ်သုံး ကုန်တင်လေယာဉ်ဟာ ရာသီဥတု ဆိုးရွားတဲ့အတွက် ပျက်ကျခဲ့ရာ လေယာဉ်အင်ဂျင်နီယာတစ်ဦးမှလွဲပြီး ကျန် ၁၅ ဦးသေဆုံးကြောင်း အီရန်စစ်တပ်က ထုတ်ပြန်ပါတယ်။ 

 

အသက်ရှင်ကျန်ရစ်တဲ့ လေယာဉ်အင်ဂျင်နီယာကို ဆေးရုံကို ခေါ်ဆောင်သွားပြီး   လေယာဉ်မှာပါရှိတဲ့ black box ကိုလည်း အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိရကြောင်း Fars သတင်းဌာနက ​ ​​  ထုတ်ပြန်သွားပါတယ်။ Fars သတင်းဌာနဟာ အီရန်အစိုးရ၏ပိုင်ဆိုင်မှုတစ်ဝက်ရှိတဲ့ သတင်းဌာနလို့ သိရပါတယ်။ 

 


လေယာဉ်ဟာ အီရန်အစိုးရပိုင်ဆိုင်တဲ့လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်ပါရှိသူများအားလုံးဟာလည် အီရန်နိုင်ငံသားတွေဖြစ်ကြောင်း စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။ 

 


MDN