၉ ဇန်နဝါရီ
အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်နိုင်ငံက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် လူအများအပြား သေဆုံးခြင်းမှ ရှောင်ရှားနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့က ဒုံးကျည်တိုက်ခိုက်မှုများပြီးနောက် နာရီအနည်းငယ်အကြာတွင် အီရတ်နိုင်ငံအနောက်ပိုင်းရှိ Ain al-Assad လေတပ်စခန်း၏ ဂြိုလ်တုပုံရိပ်များကို NHK က ရရှိခဲ့သည်ဟု ဆိုသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ အခြေစိုက်စခန်း ပတ်လည်တွင်ရှိနေသည့် နေရာ ခုနှစ်နေရာအား တိုက်ခိုက်ခြင်း ခံခဲ့ရသည်ဟု Monterey နိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၃၀ရက်နေ့က တွေ့ရှိသည့် ပုံရိပ်တစ်ခုမှာ စစ်သုံးလေယာဉ်ရုံများဖြစ်သည့် တဲကဲ့သို့ အဆောက်အဉီ ငါးလုံးအား တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယမန်နေ့က တွေ့ရှိခဲ့ပုံများထဲတွင် အဆောက်အဉီ သုံးလုံးမှာ ဖျက်စီးခံခဲ့ရပြီး နှစ်လုံးမှာ ကျန်ရှိနေသည်ဟု ဆိုသည်။
အခြားဖြစ်နိုင်ခြေရှိသည့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် နေရာများမှာ လေယာဉ်ရုံများနှင့် ဂိုဒေါင်များဖြစ်သည်။
အများဆုံးမှာ သိုလှောင်ရုံများကို တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သုတေသနလက်ထောက် Margaret Croyက မှတ်ချက်ပြုထားသည်။
အီရတ်ရှိ စစ်အခြေစိုက် စခန်းများကို အီရန် အသုံးပြုသည့် ဒုံးကျည်များက အရည်အသွေးနှင့် တိကျမှုရှိခြင်းကြောင့် အဆောက်အအုံများကို ပစ်မှတ်မလွဲအောင် ပစ်ခတ်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ခ်ျကေ
ဘာသာပြန်-မေဇော်ထက်


