၂၆ ဖေဖော်ဝါရီ

 

အီရန်ကျန်မာရေးဒုဝန်ကြီး အီရာဂျီ ဟာရီချီ က သူ့မှာ  Covid  19 ဗိုင်းရပ်စ်ကူးစက်ခံနေကြောင်း အင်္ဂါနေ့မှာ ဝန်ခံပြောကြားပါတယ်။

 

တနင်္လာနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရရဲ့ ပြောခွင့်ရသူနဲ့အတူ တက်ရောက်ခဲ့တဲ့ ဒုဝန်ကြီးဟာ ချောင်းဆိုးခြင်း၊ နဖူးကချွေးသုတ်ခြင်းတွေကို မကြာခဏပြုလုပ်တာကို တွေ့ရပါတယ်။ လွှတ်တော်အမတ်တစ်ဦးက ရှီးရိုက်ဘာသာဝင်တွေရဲ့ အလေးထားတဲ့ ကွမ်မြို့မှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၅၀ ဦးသေဆုံးကြောင်း ပြောဆိုချက်ကို သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီးက  ငြင်းပယ်ပြီး အစိုးရက တိကျတဲ့အရေအတွက်ကို ထုတ်ပြန်နေကြောင်း တကယ်လို့ ထိန်ချန်ခဲ့ရင် တာဝန်ကနေ သူနှုတ်ထွက်မယ်လို့ ပြောဆိုပါတယ်။

 

89

 

အီရန်နိုင်ငံမှာ သေဆုံးသူ ၁၆ ဦးရှိြပီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၉၅ ဦး ရှိကြောင်း သိရပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း အီရန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး အမှန်အတိုင်းထုတ်ဖော်ပြောဆိုရန် မနေ့က တိုက်တွန်းလိုက်ပါတယ်။ အီရန်နိုင်ငံအပါအဝင် နိုင်ငံတိုင်းက ကိုရိုနာဗိုင်းရပ်စ်သတင်းနဲ့ပတ်သက်ပြီး အမှန်အတိုင်းပြောရန်နဲ့ နိုင်ငံတကာအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန် သတင်းထောက်တွေကို ဝါရှင်တန်မှာ ပြောကြားလိုက်ပါတယ်။

 

MDN

ကိုးကား - AFP