၂ ဇန်နဝါရီ

အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခိုရာဆန် ရာဇာဗီ ပြည်နယ် ဆန်ဂန်မြို့တွင် ရစ်ချက်တာစကေး ပြင်းအား ၅ ဒသမ ၈ ပမာဏရှိသော ငလျင်တစ်ခု ယနေ့မနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း အီရန်ငလျင်စင်တာ ပြောကြားချက်အရ သိရသည်။

အစီရင်ခံစာအရ Mash'had မြို့ တောင်ဘက် ၃၀၀ ကီလိုမီတာအကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၃၄ ဒသမ ၀၃၀ နှင့် အရှေ့လောင်ဂျီတွဒ် ၆၀ ဒသမ ၃၂၅ ၊ အနက် ၈ ကီလိုမီတာ ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုတို့နှင့် ပတ်သက်သည့်သတင်းများ  ယခုချိန်ထိ မသိရှိရသေးဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို