၂၈ နိုဝင်ဘာ

 

အီရန်နိုင်ငံက စီအိုင်အေနဲ့ ဆက်နွယ်သူလို့ စွပ်စွဲပြီး လူ ရှစ်ဦး ဖမ်းဆီးလိုက်ကြောင်း၊ ဓာတ်ဆီဈေးတက်ပြီးနောက်  အီရန်နိုင်ငံတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေရာ အဲဒီသတင်း အချက်အလက်တွေ စုစည်းပြီး နိုင်ငံခြားကို ပို့ပေးတယ်ဆိုပြီး ဖမ်းဆီးတာဖြစ်ကြောင်း သိရပါတယ်။

 

အီရန်နိုင်ငံမှာ ဓာတ်ဆီဈေးဟာ ၂၀ဝ ရာခိုင်နှုန်းလောက် ချက်ချင်း ဈေးမြင့်တက်သွားပြီး နောက်တစ်ရက် နိုဝင်ဘာ ၁၆ ရက်နေ့က အင်တာနက်ဆက်သွယ်မှု လုံးဝနီးပါး ပြတ်တောက်ခဲ့ပါတယ်။

 

အီရန်နိုင်ငံတွင်းက ဆန္ဒပြပွဲတွေ ဖြိုခွဲရန် လုံခြုံရေးတပ်တွေကို စေလွှတ်ပြီးနောက် သေဆုံးမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်လာတဲ့အတွက် တချို့နေရာတွေမှာ ပဋိပက္ခအသွင်ပြောင်းလဲသွားပြီး ဘဏ်တွေ၊ ဓာတ်ဆီဆိုင်တွေ နဲ့ ရဲစခန်းတွေကို မီးရှို့တာမျိုးအထိ ဖြစ်လာပါတယ်။

 

နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့က ဆန္ဒပြပွဲအတွင်းမှာ လူပေါင်း ၁၀ဝ ကျော်နဲ့ ထောင်ချီတဲ့လူတွေ ဖမ်းဆီးထားတာကို ပုံဖျက်ချင်တဲ့အတွက် အီရန်ဟာ အခုလို လုပ်ဆောင်တာလို့ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

 

နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာရေးအဖွဲ့ကလည်း နိုဝင်ဘာ ၁၅ ကစပြီး ဆန္ဒပြပွဲတွေဖြိုခွဲရာတွင် လူပေါင်း ၁၄၃ ဦး အသတ်ခံခဲ့ရကြောင်း ပြောပါတယ်။

 

အီရန်တာဝန်ရှိသူတွေကတော့ ဆန္ဒပြပွဲမှာ လူပေါင်း ၅ ဦးသေဆုံးပြီး လူ ၅၀ဝ ဖမ်းဆီးထားကြောင်း ပြောပါတယ်။

 

“လက်တလောဆန္ဒပြပွဲတွင်းမှာ စီအိုင်အေနဲ့ ဆက်နွယ်သူ ရှစ်ဦးကို ဖမ်းဆီးထားကြောင်း၊ ဒီလူတွေက သတင်းအချက်အလက်တွေကို စုဆောင်းပြီး အဲဒီနိုင်ငံကို ပို့ဆောင်ကြောင်း ထောက်လှမ်းရေးဝန်ကြီးဌာနရဲ့ တန်ပြန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဒါရိုက်တာက ပြောကြောင်း” အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ထုတ်ပြန်သွားပါတယ်။

 

MDN

ကိုးကား -AFP