၈ ဇန်နဝါရီ

 

အီရန်နိုင်ငံမှာ ပျက်ကျသွားသော ဘိုးရင်း 737 လေယာဉ်ဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ စစ်ဆေးထားကြောင်း ယူကရိုန်းလေကြောင်းလိုင်းက ပျက်ကျပြီး နာရီပိုင်းအတွင်းမှာ ထုတ်ပြန်ကြေညာပါတယ်။ လေယာဉ်ပေါ်တွင် နိုင်ငံပေါင်း ခုနှစ်နိုင်ငံမှာ ခရီသည်ပေါင်း ၁၈၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ကိုးဦး တို့ အားလုံးသေဆုံးခဲ့ကြောင်း သိရပါတယ်။

 

လေယာဉ်ဟာ ၂၀၁၆ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့က စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့ဖြစ်ပါတယ်။ ဘိုးရင်း လေယာဉ်ဟာ အီရန်နိုင်ငံ တီဟီရန်မြို့ကနေ ယူကရိုန်းနိုင်ငံ ကီယက်ဖ်မြို့ကို ပျံသန်းမှာဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၆.၂၀ မှာ စတင်ပျံသန်းအပြီး မိနစ်အနည်းအငယ်အတွင်းမှာ ရေဒါကနေ လေယာဉ်ဟာ ပျောက်ကွယ်သွားပြီး တီဟီရန် ဒေသတွင်းမှာ ပျက်ကျသွားကြောင်း သိရပါတယ်။

 

လေယာဉ်ပေါ်တွင် အီရန်နိုင်ငံသား ၈၂ ဦး၊ ကနေဒါနိုင်ငံသား ၆၃ ဦး၊ ယူကရိန်းနိုင်ငံသား လေယာဉ်ဝန်ထမ်း အပါအဝင် ၁၁ ဦး၊ ဆွီဒင် ၁၀ ဦး၊ အာဖဂန် ၄ ဦး၊ ဗြိတိန် ၃ ဦးနဲ့ ဂျာမနီ ၃ ဦးတို့ပါဝင်ကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

MDN

ကိုးကား - AFP