အီရန်တပ်မတော်က ဂါဇာဒေသခံများကို ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်မည်

 

တီဟီရန်၊ နိုဝင်ဘာ ၂၇

 

အီရန်တပ်မတော်က ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအား ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း အီရန်တပ်မတော် ထိပ်တန်းတပ်မှူးတစ်ဦးက  နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု  တရားဝင် သတင်းအေဂျင်စီ IRNA ၏ သတင်း တစ်ရပ်အရ သိရသည်။

 

အီရန်တပ်မတော် ထိပ်တန်းတပ်မှူး Abdolrahim Mousavi သည် ၎င်းအကူအညီပေးရေး တာဝန်ထမ်းဆောင်မည့်  မြို့တော် တီဟီရန်ရှိ AJA  (အစ္စလာမ္မစ် သမ္မတနိုင်ငံ) တပ်မတော်ဆေးသိပ္ပံ တက္ကသိုလ်မှ ကျောင်းသားများနှင့် သူနာပြုများအား  ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

 

“ဂါဇာကမ်းမြောင်ရှိ  ပါလက်စတိုင်း ပြည်သူတွေကို ဆေးဝါးဆိုင်ရာ အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း အီရန်အာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် သီတင်းပတ်က စစ်ဘေးသင့် ဂါဇာကမ်းမြောင်သို့ စေတနာ့ ဝန်ထမ်းသမားတော်များနှင့် သူနာပြုများအား စေလွှတ်ရန် အဆင်သင့် ဖြစ်နေပြီဟု အီရန် ကျန်းမာရေးဝန်ကြီး Bahram Einollahi က မှတ်ချက်ပြု ပြောကြားသည်။

 

လွှတ်ပေးမည်

 

ဟားမတ်စ်နှင့် အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ယခုသီတင်းပတ် အစောပိုင်းတွင် သဘောတူညီချက် တစ်ရပ်ရရှိခဲ့သည်။ ၎င်း သဘောတူညီချက်အရ ဟားမတ်စ်သည် အစ္စရေးတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ခန့်ကို လဲလှယ်ရန်အတွက် ဂါဇာမှ အစ္စရေးသုံ့ပန်း ၅၀ ထက်မနည်းကို လွှတ်ပေးမည်ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ