၁၀ မတ်
ကမ္ဘာပေါ်ရှိ နိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကြိုးစားလျက်ရှိရာ အီတလီနိုင်ငံသည် တိုင်းပြည်တစ်ခုလုံးကို ပိတ်ထားလိုက်ပြီး မကြုံစဖူး အနေအထားဖြင့် ခြေလှမ်းလှမ်းနိုင်ခဲ့သည်။
အဆိုပါ အစီအမံအသစ်ကို မတ်လ ၁၀ ရက်နေ့တွင် စတင်မှာဖြစ်ပြီး ဧပြီလ ၃ ရက်နေ့အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် ဂူဆီပီး ကိုတီက ပြောကြားခဲ့သည်။
တစ်ဦးချင်းစီတွင် အလုပ်ကိစ္စ သို့မဟုတ် ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများရှိလျင် သို့မဟုတ် အခြားအရေးတကြီး ကိစ္စရပ်များရှိမှသာလျင် ထွက်ခွာခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူအများအား အိမ်အပြင်တွင် စုရုံးခြင်းမပြုကြရန် တားမြစ်ထားလျက်ရှိသည်။ ကျောင်းများကိုလည်း ပိတ်ထားခဲ့ပြီးနောက် စားသောက်ဆိုင်များကိုလည်း ညနေ ၆နာရီတွင် ပိတ်သိမ်းရမည်ဖြစ်သည်။
အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအသစ်ကြောင့် သေဆုံးသူ ၄၆၃ ဦးရှိပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူပေါင်း ၉၂၀ဝ ရှိပြီဖြစ်သည်။
အီတလီနိုင်ငံသည် လဦးရေ သန်း ၆၀ ရှိသည့် ဉရောပတိုက်၏ တတိယမြောက် အကြီးဆုံး စီးပွားရေးတိုင်းပြည်လည်း ဖြစ်သည်။ ယခုအခါတွင် တရုတ်ပြည်မကြီး၏ အပြင်ဘက်တွင် ဖြစ်ပွားမှုမှာ အီတလီနိုင်ငံတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။
ပြင်သစ်၊ ဂျာမနီနှင့်စပိန်နိုင်ငံတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀ဝ၀ကျော် ဖြစ်ပွားလျက်ရှိကြောင်း အတည်ပြုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


