၁၉ မတ်

 

အီတလီနိုင်ငံမှာ COVID19 ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ထိန်းချုပ်ရန် နိုင်ငံသားတွေကို မတ်လ ၁၂ ရက်နေ့က စတင်ပြီး သီတင်းနှစ်ပတ်တိတိ အိမ်အပြင်မထွက်ရန် ပြဌာန်းခဲ့ပါတယ်။ ဒီနေ့(ကြာသပတေးနေ့)မှာတော့ ဝန်ကြီးချုပ် ကွန်တီက ယခင်က သတ်မှတ်ခဲ့တဲ့ အိမ်အပြင်မထွက်ရ  ကုန်ဆုံးရက် ၂၅ ရက်နေ့အစား ဧပြီ ရက် နေ့အထိ တိုးမြှင့်ကြောင်း ပြောကြားပါတယ်။

 

ကျောင်းတွေနဲ့ အားကစားပွဲတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဧပြီ ရက်နေ့မှ ပြန်လည်အသက်ဝင်ရန်၊ နိုင်ငံရဲ့ လုပ်ငန်းတွေပြိုလဲမှုကို ကာကွယ်ရန် တိကျတဲ့ လမ်းညွှန်မှုကို လိုက်နာရန် ပြောကြားပါတယ်။ နိုင်ငံမှာ အဆိုးဆုံးအခြေအနေကို ကျော်လွှာပြီးရင်  မူလအခြေအနေကို ချက်ချင်းမရနိုင်သေးကြောင်း ပြောပါတယ်။

 

အင်္ဂါနေ့မှ ဗုဒ္ဓဟူးနေ့ (၂၄နာရီ) အတွင်းမှာ လူပေါင်း ၄၇၅ ဉီး သေဆုံးခဲ့ပေမယ့် ရောဂါကူးစက်ခံရသူ အသစ်မရှိကြောင်း သိရပါတယ်။

 

အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၃၅,၇၁၃ ဦး ရှိပြီးသေဆုံးသူဟာ ,၉၇၈ ဦးရှိကြောင်း မတ် ၁၉ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN
ကိုးကား -AFP