အိမ်မဲ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဦးဇော်မင်းဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြို့နယ်သမဝါယမအသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် အသင်း၏ လုပ်ငန်းလည်ပတ်မှုများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရေး ကြိုးစားပေးရန်ပြောကြားပြီး အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ် ဒါရိုက်တာအဖွဲ့လုပ်ငန်း အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက်လာကြသူများထံမှ အတည်ပြုချက် ရယူခဲ့သည်။
အိမ်မဲ(ပြန်/ဆက်)


