အိမ်မဲ        ဇွန်        ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်း ကျေးရွာအုပ်စု တောင်သူ ဦးမျိုးနိုင်၏ ကွင်းတွင် ၂၀၂၂-၂၀၂၃ မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး ပေါင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အထက ဘုရားကြီးကုန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(ပြန်/ဆက်)