အိမ်မဲ ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု တောင်သူဦးမျိုးနိုင်၏ ကွင်းအမှတ်-၃၇ ဂ၊ ဦးပိုင်အမှတ် ၁၃/၁ တွင် ၂၀၂၂-၂၀၂၃ မိုးစပါးဧက (၁၀၀) တွင် တစ်ဧက တင်း (၁၀၀) ထွက်ရှိရေး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြည်ရှုအားပေးသည်။

ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းကြောင့် မျိုးစေ့ကုန်ကျမှုသက်သာစေခြင်း၊ ပျိုးပင်ဖြစ်ထွန်းမှုမြန်ခြင်းနှင့် ပျိုးပင်များ ကျန်းမာသန်စွမ်းစေခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးပြီးလျှင် ကောက်ပင်များ လျင်မြန်စွာ သန်စွမ်းလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းနှင့် တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀)တွင် ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက ပြောသည်။

၂၀၂၂-၂၀၂၃ မိုးစပါးဧက(၁၀၀)တွင် တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူများ စုစုပေါင်းအင်အား (၈၃)ဦး တက်ရောက်ခဲ့ပြီး ဘောင်ပျိုးစနစ်ဖြင့် ပျိုးထောင်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အ.ထ.က ဘုရားကြီးကုန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား/ကျောင်းသူများ၏ စာသင်ကြားမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)