အိမ်မဲမြို့တွင် အောင်ပွဲရမြို့နယ်ဂုဏ်ဆောင် ပြေး၊ ခုန်၊ ပစ် (ကျား၊မစုပေါင်း) တံခွန်စိုက်ဒိုင်းဆုများရရှိသောကျောင်းသား ကျောင်းသူ အားကစားသမားများအား ဂုဏ်ပြုပွဲ ကျင်းပ

 အိမ်မဲ ၈ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ရွေညီလာခန်းမတွင် အောင်ပွဲရမြို့နယ်ဂုဏ်ဆောင် ပြေး၊ခုန်၊ ပစ် (ကျား၊မစုပေါင်း)တံခွန်စိုက်ဒိုင်းဆုများရရှိသော ကျောင်းသား ကျောင်းသူအားကစားသမားများအား ယနေ့ နံနက်ပိုင်းက  ဂုဏ်ပြုပွဲကျင်းပခဲ့ကြောင်း သိရသည်။ 

 

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ မြို့ နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မေလွင်လွင် တို့က အဖွင့်စကားများ ဂုဏ်ပြုစကားများအသီးသီးပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် အားကစားအဖွဲ့အုပ်ချုပ်သူ ဒုတိယမြို့နယ်ပညာမှူးဆရာကြီး ဦးအောင်မင်း က ပြိုင်ပွဲဝင်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲတွင် ဆုရရှိသူကျောင်းသား ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူ မြို့နယ်ပညာရေးမှူးဆရာမ ကြီးဒေါ်မေလွင်လွင်နှင့် မြို့မိမြို့ဖများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

တိုင်းအဆင့်ပြိုင်ပွဲ အမျိုးအစားများမှာ မူလတန်းဆင့်(ကျား၊မ) မီတာ(၅၀)(၇၅)(၁၀ဝ) တန်းမြင့်ခုန် အလျားခုန်၊ အလယ်တန်းဆင့်(ကျား၊မ) မီတာ(၁၀ဝ) (၂၀ဝ) (၄၀ဝ) (၁၀ဝ×၄) လက်ဆင့်ကန်း တန်းမြင့်ခုန် သုံးဆင့်ခုန် အလျားခုန် သံလုံးပစ် သံပြားပစ်၊ အထက်တန်းဆင့်(ကျား၊မ)မီတာ(၁၀ဝ)(၂၀ဝ)(၄၀ဝ)(၁၀ဝ×၄)လက်ဆင့် ကမ်း (၄၀ဝ×၄)လက်ဆင့်ကမ်း တန်းမြင့်ခုန် သုံးဆင့်ခုန် အလျားခုန် သံလုံးပစ် သံပြားပစ်တို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ် လေးခု၊ ကြေးတံဆပ် ခြောက်ခုတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)

 

mdn