၄ မတ်
အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်တဲ့ အီတလီနိုင်ငံသား ၁၇ ဉီးမှာ ကိုဗစ်19ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် အဲဒီ၁၇ ဦးလုံးကို သီးသန့်ခွဲခြားထားကြောင်း သိရပါတယ်။
အီတလီနိုင်ငံမှာ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၅၀၀ ကျော်ပြီး၊ သေဆုံးသူ ၇၉ ဦး ရှိနေပါတယ်။
အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်တဲ့ အီတလီနိုင်ငံသားခရီးသည် ၂၃ ဦးထဲမှာ ၂ ဦးမှာ ကိုဗစ်19 ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ကျန် ၂၁ ဦးကိုပါ နယူးဒေလီရှိ အထူးစောင့်ကြည့်ခန်းမှာ သီးသန့်ထားရှိကြောင်း တာဝန်ရှိသူက မနေ့က ပြောကြားပါတယ်။ သီးသန့်ထားရှိတဲ့ ၂၁ ဦးထဲမှ ၁၅ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိြပီး ကျန်သူများရဲ့ ဆေးစစ်အဖြေကို စောင့်နေကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကိုဗစ် 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး လူပေါင်း ၃၂၀၀ သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးစတင်ရာ တရုတ်နိုင်ငံ မဟုတ်တဲ့ တောင်ကိုရီးယား၊ အီတလီ၊ အီရန်နဲ့ဂျပန်နိုင်ငံတွေဟာ ဗိုင်းရပ်စ် ပိုးကူးစက်ခံရမှု အများဆုံး နိုင်ငံတွေဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက အီတလီ၊ တောင်ကိုရီးယား၊ အီရန်နဲ့ဂျပန်နိုင်ငံတွေက သံတမန်မဟုတ်သူများကို လာရောက် လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။
ဝန်ကြီးချုပ်မိုဒီက နိုင်ငံသားတွေကို မကြောက်လန့်ဖို့၊ ဝန်ကြီးဌာနတွေနဲ့ပြည်နယ်အစိုးရတွေ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ နိုင်ငံကို ရောက်ရှိလာတဲ့ လူတွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားပါတယ်။
MDN
ကိုးကား - AFP


