၁၃ မတ်
အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ တစ်ဦးရှိလာကြောင်း မနေ့(ကြာသပတေးနေ့) က ထုတ်ပြန်ပြီးနောက် နယူးဒေလီရှိ ကျောင်းတွေ၊ ပြဇာတ်ရုံတွေနဲ့ ရုပ်ရှင်ရုံတွေကို မတ်လအကုန်အထိ ပိတ်ထားဖို့ အမိန့်ပေးထားပါတယ်။
နိုင်ငံရဲ့ တောင်ပိုင်းရှိ ကာနာတာကာပြည်နယ်က အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အင်္ဂါနေ့က သေဆုံးရာ သေဆုံးသူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း၊ သေဆုံးသူနဲ့ အဆက်အဆံ ရှိသူတွေကိုပါ ရှာဖွေဆေးစစ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတယ်လို့ မကြေညာခင်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့ရဲ့ နယ်စပ်တွေကို ပိတ်လိုက်သလို သောကြာနေ့ကစပြီး နိုင်ငံကို လာရောက်လည်ပတ်မယ့် သူတွေကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်လိုက်တာကို တွေ့ရပါတယ်။
သံတမန်တွေနဲ့ တခြားဝန်ထမ်းတွေသာ နိုင်ငံကို အဝင်ခံမှာဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးဌာနတွေရဲ့ နိုင်ငံခြားခရီးစဉ်တွေကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ဝန်ကြီးချုပ်မိုဒီကပြောပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စာရင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူ ၃၀ နီးပါးမှာ ကူးစက်ခဲ့ကြောင်း ထုတ်ပြန်ထားပေမယ့် မတ် ၁၃ သောကြာနေ့မှာတော့ ၇၅ ဦးဖြစ်လာပြီး တစ်ဦးသေဆုံးပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံးမှာ လူဦးရေ ၁.၃ ဘီလီယံရှိကြောင်း သိရပြီး လူဦးရေ သန်း ၂၀ နီးပါးနေထိုင်တဲ့ နယူးဒေလီမှာ ဗိုင်းရပ်စ်ပိုးရှိသူ ၆ ဦးရှိတဲ့အတွက် ဒေသတွင်းက လူတွေကို ကူးစက်နိုင်ကြောင်း နယူးဒေလီ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
MDN
ကိုးကား - AFP


