အိန္ဒိယနိုင်ငံမြို့တော်၌ လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွားနေ

နယူးဒေလီ   အောက်တိုဘာ  ၂၂

အိန္ဒိယနိုင်ငံမြို့တော်   နယ်မြေဒေသ၌   အောက်တိုဘာ    ၂၂ ရက်တွင်   လေထုအရည်အသွေးမှာ ဆက်လက် ဆိုးရွားလျက်ရှိသည် ဟု အာဏာပိုင်များက ပြောသည်။ ဒေလီမြို့    လေထုအရည်အသွေး အညွှန်းကိန်းမှာ     အောက်တိုဘာ ၂၂ ရက်တွင် ၃၀၂ အထိ စံချိန်တင် ရောက်ရှိနေကြောင်း     လေထု အရည်အသွေးနှင့်       မိုးလေဝသခန့်မှန်းမှုသုတေသန အင်စတီကျုက ပြောသည်။

လေထုအရည်အသွေးမှာ အလွန်နိမ့်ကျနေပြီး   အသိသာဆုံးလေထုညစ်ညမ်းမှုမှာ  ပီအမ် ၂ ဒသမ  ၅ နှင့် ပီအမ်  ၁၀ တို့ဖြစ် ကြသည်။ လေထုညစ်ညမ်းမှု ပီအမ် ၂  ဒသမ  ၅   တွင်    အလွန်သေးငယ်သည့် အမှုန်အမွှားများမှာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်နှင့် သွေးကြောအတွင်းသို့ ဝင်ရောက် နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။        လေထုအရည်အသွေးညံ့ဖျင်းပြီး  ကာလ ရှည်ကြာ ညစ်ညမ်းသည့်   လေထုကို   ရှူရှိုက်မှုကြောင့်   အသက်ရှူလမ်းကြောင်းဆိုင်ရာ    ကျန်းမာရေးပြဿနာ များ  ဖြစ်စေသည်ဟု ကျန်းမာရေးအရာရှိများက ပြောသည်။

ပြည်သူများ အပြင်ထွက်သည့် အခါ   N-95   သို့မဟုတ်   P-100 ပါးစပ်နှာခေါင်းစည်းများကို ဝတ်ဆင် ကြရန်လည်း     အကြံပြုထားသည်။ ဒေလီမြို့သည် ကမ္ဘာပေါ်တွင်   လေထုညစ်ညမ်းမှု အများဆုံး မြို့များထဲမှ  တစ်မြို့ဖြစ်သည်။  စက်မှုလုပ်ငန်းများ၊  မော်တော်ကားများမှ ထွက်သည့် မီးခိုးများကြောင့်     မြို့တော်တွင် လေထုညစ်ညမ်းမှုကို  အဓိကဖြစ်စေသည်။ ပြီးခဲ့သည့်နှစ်များအတွင်း   ဆောင်းတွင်းသို့    စတင်ဝင်သည့်ကာလတွင်  ဒေလီမြို့ လေထုအရည်အသွေးမှာ အန္တရာယ်ရှိသောအခြေအနေ ဖြစ်လာသည်။

ဆင်ဟွာ