စက်တင်ဘာ ၁၅
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ဆောက်လုပ်ဆဲအဆောက်အအုံတစ်လုံးအတွင်းရှိ ဓါတ်လှေကား ပြုတ်ကျမှုကြောင့် လူလေးဦးထက်မနည်းသေဆုံးပြီး လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။
အဆိုပါမတော်တဆမှုသည် မြို့တော်မှ ကီလိုမီတာ ၃၀ အကွာ ထိုပြည်နယ်ရှိ Greater Noida ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုဓါတ်လှေကားပြုတ်ကျမှုကြောင့် သေဆုံးသူအားလုံးသည် ဆောက်လုပ်ရေးအလုပ်သမားများဖြစ်ကြသည်။ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိသူနှစ်ဦးရှိသည်ဟု ၎င်းကဆိုသည်။
ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


