အိန္ဒိယနိုင်ငံ၌ ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံး

မတ် ၇

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ နေအိမ်တစ်လုံးအတွင်း မီးလောင်မှုဖြစ်ပွားပြီးဓါတ်ငွေ့အိုးနှစ်လုံး ပေါက်ကွဲခဲ့သဖြင့် မိသားစုဝင်ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ဉတ္တရာပရာဒေ့ရှ်ပြည်နယ် မြို့တော်လက်ခ်နောင်းရှိ ဟာတာဟာဇတ်ဆာဟတ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးသတ်သမားများက နာရီပေါင်းများစွာကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန်ပြောကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို