ဩဂုတ် ၂၄

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၀၀၀ အောက်လျော့ကျခဲ့ပြီးနောက် နှစ်ရက်အကြာ ရောဂါနေ့စဉ်ကူးစက်မှု တဖန်မြင့်တက်လာကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့မနက်ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀၆၄၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၃၆၈၁၉၅ ဦး ရှိလာသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၉၆၄၄၂ ဦး ရှိသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့်  ၃၆ ဦး ထပ်မံသေဆုံးခဲ့သည်။

 

ကိုဗစ်ရောဂါစတင်ကူးစက်ပြီးနောက်ပိုင်း ယနေ့အထိ ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၅၂၇၄၅၂ ဦး အထိရှိသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၃၇၄၄၃၀၁ ဦး ရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို