အိန္ဒိယနိုင်ငံ၌ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ခုနစ်ဦးသေဆုံး၊ ဒဏ်ရာရသူအများအပြားရှိ

ဩဂုတ် ၂၈

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ယမန်နေ့က တရားမဝင်မီးရှူးမီးပန်းထုတ်လုပ်သည့်စက်ရုံတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သဖြင့် ခုနစ်ဦးထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိကြောင်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားသည်။

ထိုမတော်တဆမှုသည် ယင်းပြည်နယ်၏မြောက်ပိုင်း ဒတ်တာပတ်ကာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအားကောင်းသောပေါက်ကွဲမှုများကြောင့် ထိုဒေသရှိ အဆောက်အအုံးများစွာပျက်စီးခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကိုကိုးကားပြီး မီဒီယာက ဖော်ပြထားသည်။

ထိုပေါက်ကွဲမှုများသည် တရားမဝင်မီးရှူးမီးပန်ထုတ်လုပ်သည့်နှစ်ထပ်အိမ်တစ်လုံးအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို