ဩဂုတ် ၂၉

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

အဆိုပါပြည်နယ်ရှိခရိုင် ၁၇ ခုတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချိန် အမှတ်မြင့်တက်ခဲ့သည်။

ထိုရေကြီးရေလျှံမှုကြောင့် နေရာအများအပြားရှိ ကျေးရွာများ၊ မြို့များနှင့် လယ်ကွင်းများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။ အာသံပြည်နယ်မြို့တော် ဒစ်ပါ၏အရှေ့မြောက်ဘက် ၃၅၄ ကီလိုမီတာအကွာခန့် စီဗတ်ဆာဂါခရိုင်တွင် တစ်ဦးသေဆုံးခဲ့သည်။

အာသံပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့၏ပြောကြားချက်အရ ခရိုင် ၁၇ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၀၆၅၇၅ ဦး ရေဘေးသင့်ခဲ့သည်ဟု သိရသည်။ ကျေးရွာ ၅၂၂  ရွာရေလွှမ်းမိုးခံရပြီး သီးနှံစိုက်မြေ ၈၀၈၆ ဟက်တာ ပျက်စီးခဲ့သည်။

အိန္ဒိယမိုးလေဝသဌာနက အာသံ၊ နာဂါလန်ဦ မာနိပါ၊ မီဇီုရမ်၊ သရီပူရာနှင့် မီဂါလာရာပြည်နယ်တို့တွင် ဩဂုတ်လ ၃၁ ရက်နေ့အထိ မိုးသည်းထန်ရွာသွန်းမည်ဟု ကြိုတင်ခန့်မှန်းထားသည်။

အာသံပြည်နယ်တွင် မုတ်သုံရာသီအတွင်း ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို