အိန္ဒိယနိုင်ငံတောင်ပိုင်း၌ မီးလောင်မှုဖြစ်ပွားသောကြောင့် ငါးဖမ်းလှေ ၄၀ ထက်မနည်း ပျက်စီးဆုံးရှုံး

နိုဝင်ဘာ ၂၀

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ ငါးဖမ်းဆိပ်ကမ်းတစ်ခုတွင် ယနေ့မနက်အစောပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ငါးဖမ်းလှေ ၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထောက်များကို ပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးသူ မရှိကြောင်း နောက်ဆုံးထုတ်ပြန်သောသတင်းအရ သိရသည်။

၎င်းငါးဖမ်းဆိပ်ကမ်းသည် ထိုပြည်နယ်ရှိ ဆိပ်ကမ်းမြို့ဖြစ်သော Visakhapatnam မြို့တွင် တည်ရှိသည်။ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းရင်းကိုမသိရှိရသေးကြောင်း ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသောမီးသတ်ကားများဖြင့် မီးများငြှိမ်းသတ်ခဲ့သည်ဟု ဒေသတွင်းမီးသတ်ဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို