၂၃ မတ်

 

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ ယနေ့တွင်  ၄၂၁ ဦး ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

အဆိုပါ ကူးစက်ခံရသူ ၄၂၁ ဦးအနက် ၃၄၉ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ၄၁ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ကျန်းမာရေးနှင့်မိသားစု လူမှုဖူလုံရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

ထိုဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ နိုင်ငံတစ်ဝန်းတွင် ယခုချိန်အထိ ကိုရိုရာဗိုင်းရပ်စ်နှင့်ဆက်စပ်ပြီး သေဆုံးသူ ခုနစ်ဦး ရှိပြီး ၂၄ ဦးမှာ အခြေအနေကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်ဟု သိရသည်။

 

လူစည်ကားသောနေရာများနှင့် မလိုအပ်သော ပြည်ပခရီးသွားခြင်းတို့ကို ရှောင်ရှားရန် အစိုးရက ပြည်သူများကို အကြံပေးချက်များ ထုတ်ပြန်ထားသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပိုမိုများပြားလာသဖြင့် နိုင်ငံတစ်ဝန်းရှိ ရောဂါကူးစက်မှုရှိသော ခရိုင် ၇၅ တွင် အဝင်အထွက် ပိတ်ဆို့ထားသည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ပြည်သူများ သွားလာလှုပ်ရှားမှုကို ကန့်သတ်ရန် နေရာများစွာတွင် လမ်းများကို ပိတ်ဆို့ထားသည်။

 

နိုင်ငံတစ်ဝန်းရှိဈေးများကို ပိတ်ထားခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လမ်းများကို ပိတ်ထားခဲ့သည်။

 

ထိုနည်းတူစွာ ရထားပြေးဆွဲမှုကိုလည်း ရပ်ဆိုင်းထားခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဟန့်တားရန် မီးရထား၊ မြေအောက်မီးရထားနှင့် ပြည်နယ်အချင်းချင်း ဘတ်စ်ကားပြေးဆွဲမှုများကို တနင်္လာနေ့မှစတင် ရပ်တန့်မည် ဖြစ်သည်။

 

အိန္ဒိယ အစိုးရက  နိုင်ငံတကာခရီးသွားလေကြောင်းခရီးစဉ်အားလုံး၏ ဝင်ပေါက်ကို သီတင်းပတ်တစ်ပတ်အကြာ ပိတ်ပင်ခဲ့သည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို