အိန်ဂျလီနာ ဂျိုလီနဲ့ ဂျနီဖာ အန်နီစတန် တို့ထက်ကျော်ပြီး သရုပ်ဆောင်ကြေး ဘယ်သူက အမြင့်ဆုံးရထားသလဲ

mdn

၁၇ သြဂုတ်

 

ကမ္ဘာမှာ ၂၀၁၈ ခုနှစ်အတွက် သရုပ်ဆောင်ကြေးအများဆုံးရတဲ့ မင်းသမီးနာမည် ကို Forbes က ဖွင့်ချလိုက်ပါတယ်။ အဲဒီရုပ်ရှင်သရုပ်ဆောင်ကတော့ စကားလက် ဂျွန်ဆင်ဘဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် စကားလက်ဟာ အခွန်မဆောင်ခင် အမေရိကန်ဒေါ်လာ ၄၀.၅ သန်း ဝင်ငွေရှိကြောင်း သိရပါတယ်။ Avengers ဇာတ်လမ်းကနေ ရရှိခဲ့တာဖြစ်ပါတယ်။ 

 

 

ဒုတိယ နေရာကလိုက်သူကတော့ ဂျိုလီ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂၈ သန်း ဝင်ငွေရှိပြီး အဲဒီဝင်ငွေဟာ Maleficent 2က ဖြစ်ပြီး၊ ဂျနီဖာ အန်နီစတန်က တတိယဝင်ငွေ အများဆုံးဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ကားကနေ မဟုတ်ဘဲ Aveeno၊ Smartwater နဲ့ Emirates airlines တွေရဲ့ ကြော်ငြာဝင်တွေ ဖြစ်ပါတယ်။ 

 

 

စတုထ္တနေရာမှာရှိနေသူကတော့ ဂျနီဖာ လော့ရင့်စ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ သန်း ဝင်ငွေ ရှိကြောင်း သိရပါတယ်။ 

 

 

ပြီးခဲ့တဲ့ ၂၀၁၇ မှာ ဝင်ငွေအကောင်းဆုံးသူကတော့ အန်မာစတုံးဖြစ်ပြီး အော်စကာဆုကို ဆွတ်ခူးခဲ့တဲ့ La La Land ကနေ အမေရိကန် ဒေါ်လာ ၂၆ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ 

 

MDN