မကွေး ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသည် အိပ်ချ်အိုင်ဗွီပိုးရှိ လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း အေအာတီဆေးကုဌာန ခြောက်ခုနှင့် အေအာတီ ဆင့်ပွားကုဌာန ၁၉ ခုတို့တွင် နှစ်သိမ့်ဆွေးနွေးပညာပေးပြီး အိပ်ချ်အိုင်ဗွီ ရှိ မရှိ စစ်ဆေးခြင်း၊ ဆေးကုသမှုခံယူရန် လိုအပ်သော လူနာများအား အေအာတီဆေးဖြင့် အခမဲ့ကုသပေးခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် အေအာတီဆေး သောက်နေသော လူနာများအား အိပ်ချ်အိုင်ဗွီပိုးကောင်ရေ စစ်ဆေးပေးခြင်း အပါအဝင် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများကိုလည်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


