အိပ်မက်ဆုံရာ ရာသက်ပန် SEASON (4) WINNER ဆုရှင် ပိုင်မင်းဟိန်း၏ "မမ" စီးရီးထွက်ရှိ

ရန်ကုန် ၂၁ စက်တင်ဘာ 

 

Bo Bo Music တေးထုတ်လုပ်ရေးကနေ ယခုလ ၂၂ ရက်တွင် အိပ်မက်ဆုံရာ ရာသက်ပန် Season (4) Winner ဆုရှင် ပိုင်မင်းဟိန်း၏ "မမ" စီးရီးကို စတင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလေးတွေ ပါပါတယ်၊ ဒီအခွေလေးထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေဆိုလည်း စိတ်ကြိုက်ဖန်တီးထားပါတယ်၊ သီချင်းရွေးချယ်တဲ့ အခါမှာလည်း ပရိသတ်နဲ့ ကျွန်တော် အကြိုက်ခြင်း ထပ်တူကျမယ့် သီချင်းလေးတွေကို အဓိကထားပြီး ရွေးချယ်ဖန်တီးထားပါတယ်။ သီချင်းတွေကို ကျွန်တော်ကိုယ်တိုင် ရေးဖွဲ့ထားတာမို့ အချို့လည်း နားထောင်ရတာ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်တာမို့ နားလည်ပေးပါလို့ ပြောချင်ပါတယ်" ဟု အဆိုတော် ပိုင်မင်းဟိန်းက ပြောသည်။

 

အဆိုပါ တေးစီးရီးတွင် တေးသီချင်း (၁၀) ပုဒ်ပါဝင်ပြီး တေးရေးအဖြစ် စောခူဆဲ၊ ပိုင်မင်းဟိန်းတို့က ရေးသားထားကြကာ အဆိုတော် အောင်ထက်၊ အိုင်းရင်းဇင်မာမြင့်တို့က ပါဝင်ကူညီ သီဆိုထားကြသည်။

 

ကိုလင်း