ကောလင်း ၁ ဧပြီ    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း (ဆွယ်)၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်း မှု(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၁၉)ဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီက အဆိုပါစခန်း၌ ကျင်းပသည်။

 

a

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဌ ဦးဇော်ဝင်းတို့က အမှာစကားပြောကြားပြီး  ကသာခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးမောင်မောင်ညွှန့်က စက်မှုလယ်ယာအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခန့်ဇင်မောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။ အဆိုပါသင်တန်းအား ဧပြီ ၁ရက်နေ့မှ ၁၂ရက်နေ့အထိ ၁၂ရက်ကြာဖွင့်လှစ်ပြီး သင်တန်းသား(၃၀) ဦး တက်ရောက်သည်။ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

efs