မိုးနဲ ၂၈ မတ်          

 

ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခြေခံ မွေးမြူရေး၊ အာဟာရဗေဒသင်တန်းနှင့် နွားစာချဉ်ဖတ်ပြုလုပ်ပုံ လက်တွေ့သရုပ်ပြသခြင်းကို  နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာ ဦးမောင်ငယ်နေအိမ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်တွေ့သရုပ်ပြရာတွင် လင်းခေးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းမြကြွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးက အခြေခံမွေးမြူရေး၊ အာဟာရဗေဒသင်တန်းနှင့် နွားစာချဉ်ဖတ်ပြုလုပ်မှု လက်တွေ့ သရုပ်ပြသခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

1

 

ထို့နောက် နွားစာချဉ်ဖတ်ပြုလုပ်ပုံ အဆင့်ဆင့်ကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျွဲ ၊ နွား မွေးမြူသူများအား လက်တွေ့သရုပ်ပြသ ဆောင်ရွက်ပေးခဲ့ကြသည်။

 

နွေရာသီ၌ ကျွဲ ၊ နွားများအတွက် အစားအစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန် ပိုလျှံစိုက်ပျိုးသီးနှံများကို စနစ်တကျထိန်းသိမ်းသိုလှောင်သည့် နည်းစနစ်ဖြစ်ပြီး ၎င်းအစာကိုကျွေးခြင်းအားဖြင့် နို့စားနွားငယ်များ ကြီးထွားနှုန်းမြင့်တက်လာခြင်း၊ ကျွဲ၊ နွားများအတွက် လုပ်အားစွမ်းအင် တိုးတက်မြင့်မားလာခြင်း၊ အသားတိုးနွားများ အသားထွက်နှုန်း မြင့်မားလာခြင်း၊ အစာကိုကာလအတော်ကြာ ထိန်းသိမ်းထားနိုင်ခြင်း၊ ကုန်ကျစရိတ် နည်းပါးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)

 

2