ရန်ကုန်    အောက်တိုဘာ    ၁၃

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၁၁)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင်     နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)    ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ပညာရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က နိုင်ငံအတွင်း ပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ပညာတတ်ပုဂ္ဂိုလ်များက နိုင်ငံ၏ အေးချမ်းသာယာမှု၊     တည်ငြိမ်ဖွံ့ဖြိုးမှု၊   လူမှုစီးပွားဘဝများကို ဦးဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့အနာဂတ်ကို ဦးဆောင်မည့် ပညာတတ်အရင်းအမြစ်ကောင်းများ မွေးထုတ်နိုင်ရေး အလေးထားမှာကြားလိုကြောင်း၊  နိုင်ငံ့ဝန်ထမ်း ဥပဒေ၊   နည်းဥပ‌ဒေ၊   စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် တစ်မျိုးသားလုံးပညာ‌ရည်မြင့်မားရေး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး ၃၀    ကို   တိတိကျကျလိုက်နာ စောင့်ထိန်းကာ  ပါတီနိုင်ငံရေးကင်းရှင်းအောင် ပြုမူနေထိုင်ကြရန်  တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းသို့  သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀၂ဦး တက်ရောက်ကြပြီး သင်တန်းကို  အောက်တိုဘာ ၁၃ ရက်မှဒီဇင်ဘာ ၁၃ ရက်အထိ ရက်သတ္တငါးပတ်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင်သည် တက္ကသိုလ်အတွင်း ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၏ သင်ကြားပို့ချနေမှုများနှင့်    သင်တန်းအိပ်ဆောင်များ၊  စားရိပ်သာများ၊  မွေးမြူရေးခြံများနှင့် အိမ်ထောင်သည်လိုင်း အစရှိသည်များကို   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရသည်။                    

သတင်းစဉ်