အခြေခံပညာမူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

မိုင်းယု ၁၇  ဇန်နဝါရီ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ အခြေခံပညာမူလတန်းအဆင့် အုပ်စု(၁)အဖွဲ့မှ ကြီးမှူးကျင်းပသော အခြခံပညာမူလတန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇန်နဝါရီ ၁၆ ရက်၊ ညနေ ၃ နာရီခွဲက ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။ 

 

mdn

 

အဆိုပါ ဘောလုံးပြိုင်ပွဲ၏  တတိယနေရာလုပွဲအဖြစ် ဝမ်တာကြန့်အသင်းနှင့် မိုင်းလွေအုပ်စု အသင်းတို့ဖြင့် ယှဉ်ပြိုင်ရာ နှစ်ဂိုး ဂိုးမရှိဖြင့် ဝမ်တာကြန့်အသင်းက တတိယနေရာကိုလည်းကောင်း၊ ဗိုလ်လုပွဲတွင် ဆမ်မိန်းအသင်းနှင့် နမ့်နော်အသင်းတို့က ပင်နယ်တီအဆုံးဖြတ်ဖြင့် လေးဂိုး နှစ်ဂိုးဖြင့် ဆမ်မိန်းအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုရရှိသော အသင်းများအား  အခြေခံပညာမူလတန်းအဆင့် အုပ်စု (၁)အဖွဲ့ခေါင်းဆောင်နှင့် ဆရာ/ဆရာမများ၊ ဝမ်တာကြန့်ကျေးရွာနှင့် ဆမ်မိန်းကျေးရွာသူကြီးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ယင်းပြိုင်ပွဲတွင် ဝမ်တာကြန့်အသင်း၊ ဆမ်မိန်းအသင်း၊ နမ့်နော်အသင်း၊ မိုင်းလွေအုပ်စုအသင်းဟူ၍ အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)

 

mdn