အင်းတော် ၂၂ ဧပြီ    

 

အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်းက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင်က သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ အင်းတော်မြို့နယ် အတွင်းရှိ စက်သုံးဆီဆိုင်များမှ သင်တန်းသား သင်တန်းသူ  ၂၀  ဦး တက်ရောက်ကြပြီး  သင်တန်းကာလမှာ ဧပြီ ၂၂ ရက်မှ မေ ၆ ရက်ထိ ၁၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)