၁ ဧပြီ

 

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအကျဉ်းထောင်မှ အကျဉ်းသား ၃၅၀၀ နီးပါးကို လွှတ်ရမယ့်ရက်ထက်စောပြီး လွှတ်ပေးမှာဖြစ်ကြောင်း၊ အကျဉ်းသားတွေကို ကိုရိုနာဗိုင်းရပ်စ် ရောဂါ မကူးစက်အောင် လုပ်ဆောင်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့က ပြောကြားပါတယ်။

 

အကျဉ်းကျခံရန် ရက်ပေါင်း ၃၀ ထက်နည်းတဲ့ အကျဉ်းသားကို ပထမအသုတ်အနေနဲ့ လွှတ်ပေးမှာဖြစ်ပြီး ဒုတိယအနေနဲ့ ရက်ပေါင်း ၆၀ ထက် နည်းတဲ့ အကျဉ်းသားတွေဖြစ်တယ်လို့ သိရပါတယ်။

 

နယူးဂျာစီပြည်နယ်နဲ့ တခြားမြို့တွေရှိ အကျဉ်းထောင်တွေမှာလည်း  အလားတူ အစီအစဉ်မျိုးတွေနဲ့  အကျဉ်းသားတွေကို လွှတ်ပေးသွားမယ်လို့ သိရပါတယ်။  ရှေ့နေချုပ် ဘီလ်ဘား က ကပ်ရောဂါသက်ရောက်မှု လျော့နည်းစေရန် အကျဉ်းသားအယောက် ၂၀၀၀ နီးပါးကို လွှတ်ပေးရန် ပြည်နယ်အကျဉ်းထောင်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

 

ကယ်လီဖိုးနီးယားအကျဉ်းထောင်မှာ ထောင်ဝန်ထမ်း ၂၂ ဦးနဲ့ အကျဉ်းသား ၄ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီနောက် ဗိုင်းရပ်စ်ပိုး မပျံ့နှံ့စေရန် အကျဉ်းထောင်အတွင်းကို ဝင်ရောက်သူတိုင်းကို ဆေးစစ်ခြင်းဟာ မဖြစ်မနေလုပ်ရသလို အကျဉ်းသားတွေအား ဧည့်သည်တွေ့ဆုံခွင့်ကို ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

 

အကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရရှိတဲ့အတွက် လွတ်လပ်စွာ ဖုန်းပြောခွင့်ကို ပေးအပ်ထားကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP