အက်ဖ်အေဖလားပြိုင်ပွဲ   တတိယအဆင့်မှ   အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် စပါးနှင့် အက်စ်တွန်ဗီလာအသင်းပွဲစဉ်ကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်တက် လှမ်းနိုင်ခဲ့သည်။

စပါးအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး လေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

အခြားနာမည်ကြီး ပွဲစဉ်ရလဒ်များတွင် ဘရစ္စတိုးက ဝက်ဖို့ဒ်ကို ငါးဂိုး-တစ်ဂိုး၊ ချယ်ဆီးက ချာလ်တန်ကို ငါးဂိုး-တစ်ဂိုး၊ လိဒ်စ်က ဒါဘီကို သုံးဂိုး-တစ်ဂိုး၊ ဘာမင်ဂမ်က ကမ်းဘရစ်ကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့ပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့ကြသည်။

မိုးဇက်