နေပြည်တော်  ၁   ဧပြီ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် UN Women နှင့် EU အထောက်အပံ့ဖြင့်လက်ရှိဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်နေသော Safe & Fair Project သာမက နိုင်ငံတကာစံနှုန်းများနှင့် အညီရေးဆွဲ ထားသည့် (MSDP)၌ ဝန်ကြီးဌာနနှင့်သက်ဆိုင်သော လုပ်ငန်းများ၌ အမျိုးသမီးများ စွမ်းရည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်စေလိုမှု၊ မြန်မာနိုင်ငံအနေဖြင့် အခြေခံဥပဒေ၌ ကျား/မ ခွဲခြားမှု မရှိစေရေး အခိုင်အမာထည့်သွင်း ပြဋ္ဌာန်းထားပြီး၊ အနည်းဆုံးအခကြေးငွေဥပဒေတွင်လည်း ကျား/မ တန်းတူလုပ်ခရရှိရေး သတ်မှတ်ဆောင်ရွက်ထားရှိမှု၊ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာနှင့် အမျိုးသမီးရေးရာ စွမ်းရည်တည်ထောင်ရေးလုပ်ငန်းများတွင် လိုအပ်သော အချက်အလက်များ ထောက်ပံ့ပေးမှုဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)