အမေရိကန် အာကာသအေဂျင်စီ နာဆာက လကမ္ဘာအတွက် အချိန်စံနှုန်းသတ်မှတ်ချက် ဖန်တီးသွားမည်

ကယ်လီဖိုးနီးယား၊ ဧပြီ ၄

အမေရိကန်အစိုးရသည် လကမ္ဘာအတွက် အချိန်စံနှုန်းသတ်မှတ်ချက် အသစ်ပြုလုပ်သွားရန် စတင်ပြင်ဆင်နေပြီဟု သိရသည်။ လမျက်နှာပြင်ပေါ်တွင် ကနဦးစူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး အာကာသအတွင်း အချိန်သတ်မှတ်ချက်တစ်ခု ပြုလုပ်သွားရန် မူဝါဒကို ဧပြီ ၂ ရက်တွင် အိမ်ဖြူတော်က ကြေညာခဲ့သည်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာသည် လပေါ်တွင် အချိန်စံနှုန်းကို သတ်မှတ်ရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်သည်။ လပေါ်မှ အချိန်သည် ကမ္ဘာပေါ်မှ အချိန်ထက် အနည်းငယ်ပိုမြန်မည် ဖြစ်သည်။ လပေါ်မှ ဆွဲအားသည် ကမ္ဘာ့ဆွဲအား၏ ခြောက်ပုံပုံ တစ်ပုံရှိသည့်အတွက်ကြောင့် ဖြစ်သည်။  အဆိုပါ မူဝါဒသစ်သည် လ၊ အင်္ဂါဂြိုဟ်နှင့် ပြင်ပမစ်ရှင်များတွင် တိကျဘေးကင်းစွာ လုပ်ဆောင်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။

 ၂၀၂၆ ခုနှစ် ဒီဇင်ဘာလထက် နောက်မကျစေဘဲ နာဆာသည် အပြီးသတ်မူဝါဒများကို ပေးပို့သွားမည်ဟု အိမ်ဖြူတော်ကပြောသည်။  ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ပြည်နယ်များ အပါအဝင် သယ်ယူပို့ဆောင်ရေး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်သည်။ အာကာသတွင် စက္ကန့်တိုင်း အရေးကြီးသည်ဟု နာဆာအုပ်ချုပ်ရေးမှူး ဘေးလ်နီလ်ဆင်က ပြောသည်။

အင်န်အိတ်ချ်ကေ