၂၈ နိုဝင်ဘာ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဓာတုပစ္စည်းစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့သဖြင့် အလုပ်သမားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ယင်းဒေသခံ ၄၀၀၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းကြရန် အာဏာပိုင်များက အမိန့်ပေးခဲ့သည်။

 

p1

 

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ပေါ့တ်နတ်စ်မြို့ရှိ ထိုစက်ရုံတွင် ယမန်နေ့မနက် ၁ နာရီခန့်က ပထမအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

p3

 

မီးငြိမ်းသတ်မှုလုပ်ဆောင်နေသည့် မွန်းလွဲပိုင်းတွင် ယင်းစက်ရုံ၌ ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ စက်ရုံအလုပ်သမား သုံးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အနီးနားနေအိမ်များရှိ ပြတင်းပေါက်များ အစိတ်စိတ်အမြွာမြွာကွဲသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထိုစက်ရုံမှ မီးခိုးများထွက်နေပုံ နှင့် မီးများတောက်လောင်နေပုံကို ထိုနေရာရှိ ဗွီဒီယိုဖိုင်တွင် ရိုက်ကူးပြသထားသည်။

ထိုစက်ရုံသည် ဟူစတန်မြို့၏ အရှေ့ဘက် ၁၃၀ ကီလိုမီတာခန့်အကွာရှိ လူနေရပ်ကွက် အနီးတွင် တည်ရှိကာ ရော်ဘာနှင့် အခြား ရေနံဓာတုပစ္စည်း ထုတ်ကုန်များ ထုတ်လုပ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို