၃၀ မတ်
အမေရိကန်အဆိုတော် ဂရမ်မီဆုရှင် ဂျိုးဒစ်ဖီဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြီး မတ် ၂၉ ရက်နေ့က သေဆုံးခဲ့ကြောင်း သိရပါတယ်။ ၁၉၉၀ ပြည့်နှစ်များကာလမှာ လူကြိုက်များခဲ့တဲ့ ဂျိုးဒစ်ဖီဟာ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ကြေညာပြီး နှစ်ရက်အကြာမှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။ မကွယ်လွန်ခင်က သူ့ပရိတ်သတ်တွေနဲ့ လူထူကို ကပ်ရောဂါပျံ့နှံ့နေချိန်မှာ သတိထားကြဖို့ ပြောကြားပြီး သူ့မှာ ပိုးတွေ့ရှိတဲ့အတွက် မိသားစုရဲ့ ကိုယ်ပိုင်အချိန်အဖြစ် သတ်မှတ်ပေးရန် ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄၂၇၃၅ ဦးရှိပြီး သေဆုံးသူ ၂၄၈၉ ဦး ရှိပြီဖြစ်ကြောင်း သိရပါတယ်။
MDN
ကိုကား - AFP


