အမေရိကန်အဆိုတော် ဝိညာဉ်ဘုရင်မ ARETHA FRANKLIN ကွယ်လွန်

mdn

၁၇ သြဂုတ်

 

အမေရိကန်အဆိုတော် ဝိညာဉ်ဘုရင်မ Aretha Franklin သည် Tennessee ပြည်နယ် Memphis တွင် မွေးဖွားခဲ့ပြီး အသက် ၇၆နှစ် အရွယ် တွင် ကွယ်လွန်ခဲ့ကြောင်း၊ ၁၉၆၁ ခုနှစ်တွင် ပထမဆုံး ပွဲဦးထွက်ခွေ ထွက်ခဲ့ကြောင်း၊ Respect နှင့် Natural Woman ကဲ့သို့သော နာမည်ကြီးသီချင်းများဖြင့် ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်စားခဲ့ပြီး Whitney Houston, Mariah Carey နှင့် အခြားနာမည်ကြီး ပေါ့ပ် အဆိုတော်များထက် နာမည်ကျော်ခဲ့ကြောင်း၊ ဂရမ်မီဆု ၁၈ ကြိမ် ရရှိခဲ့ပြီး ရော့ခ် အန် ရိုး စာရင်းဝင်သွားသော ပထမဦးဆုံး အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ခဲ့ကြောင်း သိရသည်။

 

 

သူမသည် ကင်ဆာရောဂါခံစားခဲ့ရပြီး ကြာသပတေးနေ့က သူမကွယ်လွန်ချိန်တွင် မိသားစုဝင်များနှင့် နေအိမ်၌ အတူရှိနေကြသည်ဟု အမေရိကန် သတင်းမီဒီယာများက ဖော်ပြထားသည်။ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ ဘီကလင်တန်နှင့် ဘားရတ်အိုဘားမား ၃ ဦးတို့ ၏ နန်းတက်ပွဲတွင် သူမ သီဆို ဖျော်ဖြေခဲ့ဖူးကြောင်း သိရသည်။ လက်ရှိသမ္မတဖြစ်သူ ဒေါ်နယ်ထရန့် က သူမကွယ်လွန်သည့်အတွက် ဝမ်းနည်းကြောင်း ၎င်း၏ မိသားစုကို အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ကိုးကား အန်အိတ်ချ်ကေ

ဘာသာပြန် မြင့်မြင့်ချို