၁၇ ဇန်နဝါရီ
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်ဘက်ရှိ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကလေး သုံးဦး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။
ထိုပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်၊ ၁၁ နှစ် နှင့် ၁၂ နှစ်အရွယ် လူ သုံးဦးတွင် သေနတ် ဒဏ်ရာများရရှိကာ အခြေအနေစိုးရိမ်ရသော်လည်း ကုသမှုခံရယူပြီးနောက် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ဒေသန္တရ မီဒီယာက ကိုးကားဖော်ပြခဲ့သည်။
လူ နှစ်ဦးသည် ထိုဆံပင်ညှပ်ဆိုင်သို့ ဝင်ရောက်ကာ အနီးတစ်ဝိုက် လှည့်လည်ကြည့်ရှုပြီး ထွက်ခွာခဲ့ကြောင်းနှင့် ထို့နောက် ပြန်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့ကြကြောင်း ချီကာဂို ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ထိုဖြစ်ရပ် ဗွီဒီယိုဖိုင်ကို ရရှိခဲ့ပြီဖြစ်ကြောင်း ထိုရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


