၃၁ မတ်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီတို့ ဇနီးမောင်နှံ လုံခြုံရေးအတွက် ကုန်ကျငွေကို အမေရိကန်နိုင်ငံက မပေးနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၂၉ ရက်က ပြောကြားလိုက်ပါတယ်။
မတ်လ ၃၁ ရက်နေ့ဟာ စက်ဆပ်မြို့စားဟယ်ရီနဲ့ မြို့စားကတော်မက်ဂန်တို့ဟာ တော်ဝင်လုပ်ငန်း တာဝန်တွေကို တရားဝင် ရပ်ဆိုင်းမယ့်နေ့ဖြစ်ပါတယ်။
ဟယ်ရီနဲ့ သူ့မိသားစုဟာ ကနေဒါနိုင်ငံကနေ လော့အန်ဂျလိစ်ကို ကိုယ်ပိုင်လေယာဉ်နဲ့ ကနေဒါ- အမေရိကန် နယ်စပ် မပိတ်ခင်မှာ ပြောင်းရွှ့ခဲ့ကြောင်း သိရပါတယ်။ ကနေဒါ-အမေရိကန် နယ်စပ်ကို ကိုရိုနာဗိုင်းရပ်စ် COVID19 ရောဂါ မပျံ့နှံ့စေရန် ပိတ်လိုက်တာ ဖြစ်ပါတယ်။
ဟယ်ရီတို့ဇနီးမောင်နှံဟာ ကနေဒါနိုင်ငံမှာ လအနည်းအကြာ နေထိုင်ခဲ့ပြီး မက်ဂန်ကြီးပြင်းရာ လော့အန်ဂျလိစ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မက်ဂန်ရဲ့ မိခင် ဒေါ်ရီယာရက်လန်း ဟာလည်း အယ်လ်အေမှာ ဆက်လက်နေထိုင်ဆဲဖြစ်ပါတယ်။
ထရန့်က ဘုရင်မကြီးနဲ့ ဗြိတိန်ဟာ သူ့အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပေမယ့် ဟယ်ရီနဲ့ မက်ဂန်တို့ဟာ ဗြိတိန်နိုင်ငံကို စွန့်ခွာပြီး ကနေဒါမှာ နေထိုင်ခဲ့ရာမှ အခုတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ကြောင်း သတင်းတွေအရ သိရပါတယ်။ အမေရိကန်နိုင်ငံက သူတို့အတွက် လုံခြုံရေးကုန်ကျစရိတ်မပေးနိုင်ကြောင်း၊ သူတို့ဘာသာပေးရမယ်လို့ ပြောကြားပါတယ်။
ဟယ်ရီတို့ဇနီးမောင်နှံရဲ့ ပြောခွင့်ရသူရဲ့ ထုတ်ပြန်ချက်မှာ ဟယ်ရီတို့ဟာ အမေရိကန်အစိုးရဆီကနေ အကူအညီတောင်းဖို့ ရည်ရွယ်ချက် မရှိခဲ့ကြောင်း၊ သူတို့လုံခြုံရေးအတွက် စီစဉ်ပြီးကြောင်း ရေးသားထားပါတယ်။
မက်ဂန်ဟာ အရင်က ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ရာ သူမရဲ့ မိတ်ဆွေတွေနဲ့ အလုပ်အကိုင်ဆိုင်ရာ အဆက်အသွယ်တွေကလည်း အယ်လ်အေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဒစ်စနေရဲ့ ထုတ်ပြန်ချက်မှာ အာဖရိက ဆင်မိသားစု အကြောင်း ကာတွန်းရုပ်ရှင်ဇတ်ကားအသစ်တွင် မက်ဂန်က အသံဖြင့် သရုပ်ဆောင် ထားကြောင်း ပါရှိပါတယ်။
MDN
ကိုးကား - AFP


