၁၂ မတ်
ဥရောပနိုင်ငံတွေကနေ အမေရိကန်နိုင်ငံကို လာရောက်မယ့် ခရီးသည်တွေကို ရက် ၃၀ တိတိ လာရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပြီး အဲဒီတားမြစ်မှုဟာ သောကြာနေ့ သန်းခေါင်ယံအချိန်ကနေ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရုပ်မြင်သံကြားကနေ ပြောကြားပါတယ်။
အခုတားမြစ်မှုတွင် ဥရောပသမဂ္ဂကနေ ထွက်လာခဲ့တဲ့ ဗြိတိန်နိုင်ငံပါဝင်ခြင်းမရှိကြောင်း၊ ကုန်သွယ်ရေးနဲ့ ကုန်တင်သင်္ဘောတွေ ပါဝင်ခြင်း မရှိသလို ဥရောပနိုင်ငံတွေကနေ ပြန်လာမယ့် အမေရိကန်နိုင်ငံသားတွေအတွက်လည်း အကျုံးမဝင်ကြောင်း ထည့်သွင်းပြောကြားပါတယ်။
ဥရောပသမဂ္ဂဟာ တရုတ်နိုင်ငံနဲ့ တခြားဗိုင်းရပ်စ်ပိုးကူးစက်မှုများတဲ့ နိုင်ငံတွေကို ခရီးသွားလာခွင့် ကန့်သတ်ခြင်းနဲ့ ကာကွယ်ခြင်းတွေ လုပ်ဖို့ပျက်ကွက်တယ်။ အဲဒီရဲ့ အကျိုးဆက်က ဥရောပနိုင်ငံက ခရီသွားတွေကနေ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်လာတယ်လို့ ပြောပါတယ်။
ကိုဗစ်-19ဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄၆၃၃ ဦးသေဆုံးရာ အမေရိကန်နိုင်ငံမှ ၃၈ ဦး ပါဝင် တာကိုတွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ အသစ် ၂၈ ဦးအပါအဝင် လူပေါင်း ၁၃၂၉ ဦး ရှိပြီဖြစ်ကြောင်း မတ် ၁၂ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန်နိုင်ငံကိုလာခွင့် ပိတ်ပင်ခံရတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၆ နိုင်ငံဖြစ်ရာ အဲဒီနိုင်ငံတွေကတော့ ဩစတြီးယား၊ ဘယ်လဂျီယံ၊ ချက်၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စ်လန်၊ အီတလီ၊ လက်ဗီးယား၊ လက်တင်စတိုင်း၊ လစ်သူမေးနီးယား၊ လူဇင်ဘတ်၊ မာတာ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စလိုဘားကီးယား၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင် နဲ့ ဆွစ်ဇာလန် တို့ ဖြစ်တယ်လို့ သိရပါတယ်။
MDN
ကိုးကား- AFP


