ဝါရှင်တန် စက်တင်ဘာ ၇

 

အမေရိကန်ပြည်ထောင်စုတွင် ယခုအချိန်အထိ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးဌာန (စီဒီစီ) ၏ သတင်းအချက်အလက်များအရ သိရသည်။

 

အင်္ဂါနေ့အထိ နိုင်ငံတစ်ဝန်း   မျောက်ကျောက်ရောဂါ    ကူးစက်ဖြစ်ပွားသူ ၂၀၇၃၃ ဦးရှိခဲ့ကြောင်း စီဒီစီ အချက်အလက်များတွင် ဖော်ပြထားသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်သည် အဆိုးဆုံးဖြစ်ပြီး စုစုပေါင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားသူ ၃၈၃၃ ဦးရှိခဲ့ပြီး နယူးယောက် တွင် ၃၅၂၆ ဦး၊ ဖလော်ရီဒါတွင် ၂၁၂၆ ဦးရှိကြောင်း စီဒီစီအချက်အလက်များတွင် ဖော်ပြသည်။

 

ယခုအချိန်အထိ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုအပေါ် အရေးယူတုံ့ပြန် ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဘိုင်ဒင်အစိုးရသည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

 

ဆင်ဟွာ