၃ ဒီဇင်ဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး သဘောတူညီချက်ရရန် လိုလားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟောင်ကောင်အရေးကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု ဦးစားပေးဆောင်ရွက်ရန် ထရန့်က စိတ်အားထက်သန်ကြောင်း မှတ်ချက်ပြုဖော်ပြထားသည်။

 

တရုတ်နိုင်ငံဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ထရန့်သည် အိမ်ဖြူတော်တွင် ယမန်နေ့က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဟောင်ကောင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီကို ထောက်ခံသည့် ဉပဒေကြမ်းနှစ်ခုအား အမေရိကန် ပြည်ထောင်စုက လက်မှတ်ရေးထိုးခဲ့ခြင်းကို တုံ့ပြန်သည့် တန်ပြန်အစီအမံများကို ထိုနိုင်ငံက ဖော်ပြခဲ့သည်။

 

အမေရိကန်စစ်သင်္ဘောများ တရုတ်ပိုင်နက်သို့ လာရောက်ခွင့် ပိတ်ပင်ထားပြီး အမေရိကန်ဘက်က အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

 

လက်ရှိဖြစ်ပျက်နေသော ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုများတိုးတက်ရန် စိတ်အားထက်သန်သော သမ္မတ ရှီ ကို လေးစားသည့်အနေဖြင့် ဥပဒေကြမ်းများကို ပြီးခဲ့သည့် သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့သည်ဟု ထရန့်က ပြောကြားခဲ့သည်။

 

ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်မြင့်စွာထားခွင့်ပြုသော တစ်နိုင်ငံ စနစ်နှစ်မျိုး ဥပဒေသကို အားပေးထောက်ခံရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က တရုတ်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

 

mdn