၁၄ ဖေဖော်ဝါရီ

 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ပေကျင်းအနေဖြင့် သဘောတူညီထားသည့် ကတိကဝတ်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်မည်လားဆိုသည့် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

 

သဘောတူညီချက်အရ တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုထံမှ စိုက်ပျိုးရေးထွက်ကုန်များ နှင့်အခြားကုန်ပစ္စည်းများ တင်သွင်းမှုကိုလာမည့်နှစ်နှစ်အတွင်းဒေါ်လာဘီလီယံ ၂၀ဝ ကျော်ဖိုး တိုးမြင့်ဝယ်ယူရန် လိုအပ်သည်။

 

အသိဉာဏပစ္စည်း  မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးတွဲလုပ်ကိုင်ရန် ပေကျင်းအား အမေရိကန်ပြည်ထောင်စုမှ တောင်းဆိုထားသည်။

 

အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံထံမှ ဒေါ်လာ ၁၂၀ ဘီလီယံတန်ဖိုးရှိ သွင်းကုန်များအပေါ် သတ်မှတ်ထားသည့် စည်းကြပ်ခွန်၁၅ရာခိုင်နှုန်းမှ  အခွန်ထက်ဝက် ထပ်မံလျော့ချမည် ဖြစ်သည်။

 

ကုန်ပစ္စည်းများတွင်အရည်အသွေးကြည်လင်သည့် တီဗီများ၊ နာရီများနှင့်ပရိဘောဂများလည်း ပါဝင်သည်။

 

တရုတ်နိုင်ငံက သစ်သီးနှင့်ရေနံစိမ်း အပါအဝင် အမေရိကန်၏ ကုန်ပစ္စည်း ၁၇၀ဝ ကျော်အပေါ် ၁၀ ရာခိုင်နှုန်းအထိ ထပ်မံကောက်ခံသည့်အခွန်နှုန်းကို ထက်ဝက်လျှော့ချမည်ဖြစ်သည်။

 

အဆိုပါ သဘောတူညီချက်မှာ ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံနှစ်ခုအကြား နှစ်နိုင်ငံ ကုန်သွယ်မှု ထိပ်တိုက်ရင်ဆိုင်ခြင်းမှ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းနိုင်သွားခြင်းဖြစ်သည်။

 

တစ်နိုင်ငံချင်းစီ၏ ကုန်ပစ္စည်းများအပေါ် ၎င်းတို့ကောက်ခံသည့် အခြားအပိုဆောင်းအခွန် အများမှာလည်း ဆက်လက်တည်ရှိလိမ့်မည် ဖြစ်သည်။

 

ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ထပ်မံပျံ့နှံ့မှုကြောင့် တရုတ်၏စီးပွားရေးတိုးတက်မှုအတွက်  ဝယ်လိုအားကို ထိခိုက်စေသည်။

 

အဆိုပါ ဗိုင်းရပ်စ်ပျံ့နှံမှုကြောင့် ‌ပေကျင်း နှင့် အမေရိကန်တို့၏ ကုန်ပစ္စည်းများကို ဝယ်ယူရန် ကတိကဝတ်ကို တည်နိုင်ရန် တရုတ်နိုင်ငံအတွက် ခက်ခဲစေမည်ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်