၅ ဒီဇင်ဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့်သီတင်းပတ်တွင် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာ က ပြောကြားသည်။

 

ဂျပန်  လွှတ်တော်က သဘောတူညီချက်များကို အတည်ပြုခဲ့ပြီးနောက် ယမန်နေ့က ၎င်း၏ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

mdn

 

လိုက်သီဇာက ဤအရေးကြီးသော ကုန်သွယ်ရေးသဘောတူညီချက်များကို အတည်ပြုချက် အမြန်လုပ်ဆောင်ခဲ့သည့် ဂျပန်နိုင်ငံကို ချီးကျူးဂုဏ်ပြုခဲ့သည်။

 

အဆိုပါ နှစ်နိုင်ငံအကြားသဘောတူညီချက်များကို နှစ်သစ်ကူးနေ့တွင် အသက်ဝင်လာစေရန် ရည်ရွယ်ထားသည်။ သဘောတူညီချက်တစ်ခုမှာ အထွေထွေကုန်သွယ်ရေး ဖြစ်ပြီး အခြား တစ်ခုမှာ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး ဖြစ်သည်။

 

နှစ်နိုင်ငံအစိုးရအဖွဲ့သည် ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေး သဘောတူညီမှုအတွက် စေ့စပ်ညှိနှိုင်းမှုများကို ၂၀၂၀ခုနှစ် အစောပိုင်းတွင် ဆွေးနွေးညှိနှိုင်းမှု စတင်မည် ဖြစ်ကြောင်း လိုက်သီဇာက ပြောကြားခဲ့သည်။

 

mdn

 

နောက်ထပ် စေ့စပ်ညှိနှိုင်းမှုများဆိုင်ရာ ဆွေးနွေးပွဲကို ထိုကုန်သွယ်ရေးသဘောတူညီချက်များ အသက်ဝင်လာပြီးနောက် လေးလအတွင်းစတင်မည် ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို