၁၇ ဖေဖော်ဝါရီ

 

ယမန်နေ့က ပုလဲမြစ်ရေကြီးမှုကြောင့် အမေရိကန်တောင်ပိုင်း မစ္စစ္စပီပြည်နယ် စီရင်စု ၁၄ ခုတွင် နေအိမ်များစွာ ပျက်စီးခဲ့ပြီး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုအာဏာပိုင်များက ပြောကြားခဲ့သည်။

 

ထိုပုလဲမြစ်ရေသည် တနင်္လာနေ့တွင် ၃၇ ဒသမ ၅ ပေ အထိ မြင့်တက်မည် ဖြစ်ကြောင်း ဂျက်ဆင်မြို့ရှိ အမျိုးသားမိုးလေဝသဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ထိုပြည်နယ်တစ်ဝန်းရှိ စီရင်စု ၁၈ ခု၏ နေရာအများအပြားတွင် လမ်းများကို ပိတ်ထားခဲ့သည်။

 

မစ္စစ္စပီ အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၀ မှ ၁၄ ရက်နေ့အတွင်း လက်ခံရရှိခဲ့သော  ပျက်စီးဆုံးရှုံးမှုများ၊ လမ်းပိတ်ဆို့မှုများနှင့် ဒဏ်ရာရရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအတောအတွင်း ဒဏ်ရာရရှိသူ လေးဦးရှိကြောင်း မိုးလေဝသချန်နယ်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မစ္စစ္စပီ ပြည်နယ်အုပ်ချုပ်ရေးမှူး တေ့ရီဗတ် က အရေးပေါ်အခြေအနေကို စနေနေ့က ကြေညာခဲ့သည်။

 

ယနေ့စီမံကိန်းများသည် ၎င်းတို့သမိုင်းတွင် တတိယအဆိုးဆုံး ရေကြီးမှုဖြစ်နိုင်ခြေရှိသည်ကို ပြသနေသဖြင့် အရေးပေါ်အခြေအနေတစ်ရပ်ကို ယနေ့ကြေညာရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ထိုမြစ်ရေသည် ၃၈ ပေအထက်မြင့်တက်ခဲ့ကြောင်းနှင့် ၁၉၇၉ ခုနှစ်တွင် ပထမတစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် ဒုတိယတစ်ကြိမ် ဖြစ်ကြောင်း ထိုမိုးလေဝသချန်နယ်က သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို