၂၃ မတ်

 

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါအသစ် ဖြစ်ပွားသူပေါင်း ၃၀၀၀၀ အထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း  အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

 

us3

 

တနင်္ဂနွေနေ့က အိမ်ဖြူတော်၌ သမ္မတ ဒေါ်နယ်ထရန့်နှင့် အခြားအရာရှိများပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ မိုက်စ်ပန့်ခ်က ကြေငြာခဲ့ခြင်းဖြစ်သည်။ 

 

ပြီးခဲ့သည့် သောကြာနေ့ကတည်းက အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူအရေအတွက်မှာ နှစ်ဆတိုးလာခဲ့သည်။ 

 

စမ်းသပ်မှုစွမ်းရည် တိုးမြှင့်ရန်အတွက် အစိုးရ၏ ကြိုးပမ်းမှုလိုအပ်ချက်ရှိခြင်းကြောင့် ရောဂါဖြစ်ပွားလာသူများ တိုးပွားလာခြင်းဖြစ်ကြောင်း ပန့်ခ်က မှတ်ယူသည်ဟု ဆိုသည်။ 

 

ဝါရှင်တန်နှင့် နယူးယောက်တို့သည် အဓိက ရောဂါကူးစက်ခံခဲ့ရကြောင်း ကြေညာချက်ကို ထရန့်က အတည်ပြုခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။ 

 

အဆိုပါ ပြည်နယ်နှစ်ခုအတွက် အရေးပေါ် ဗဟိုအစိုးရ ရန်ပုံငွေများထားရှိမှ သင့်လျော်မည်ဟု ထရန့်က ဆိုသည်။ 

 

ဆေးရုံသုံးပစ္စည်းများဖြစ်သည့် မျက်နှာဖုံး၊ လက်အိတ်ကဲ့သို့သော အကာအကွယ်များနှင့် ဆေးရုံသုံး ထောက်ပံ့ရေး ပစ္စည်းများကို နယူးယောက်နှင့် ဝါရှင်တန်ရှိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် လုပ်သားများထံသို့ ပို့ဆောင်ပေးရန် ထရန့်က ညွှန်ကြားခဲ့သည်။

 

ကယ်လီဖိုးနီးယားပြည်နယ်တွင်လည်း ကူးစက်ရောဂါ ကူးစက်ခံနေရကြောင်း အိမ်ဖြူတော်က နောက်ဆုံးထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သည်။ 

 

အဆိုပါ ကပ်ရောဂါကို  အကျိုးသက်ရောက်မှုကြောင့် ထိခိုက်နေသည့် စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ရန်အတွက် ထရန့်အစိုးရသည် ဒေါ်လာ ၂ ထရီလီယံခန့် တန်ဖိုးရှိ အစီအမံများကို အကောင်အထည်ဖော်ရန် အမေရိကန်အစိုးရက စီစဉ်လျက်ရှိသည်။ 

 

အမေရိကန် အထက်လွှတ်တော် အမတ်ဖြစ်သူ ရန်ပေါလ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။

 

ပေါလ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသည့် တတိယမြောက် လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်