၂၇ ဖေဖော်ဝါရီ
အမေရိကန်ရေနံစိမ်း ထုတ်လုပ်မှုသည် ယခင်သီတင်းပတ် ဖေဖော်ဝါရီ ၂၁ ရက် အတိုင်း ရှိနေသည်ဟု အမေရိကန်စွမ်းအင်ဆိုင်ရာ သတင်းအချက်အလက်စီမံခန့်ခွဲမှု(EIA) က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အမေရိကန် ရေနံစိမ်းထုတ်လုပ်မှုသည် ပြီးခဲ့သည့် သီတင်းပတ် ရေနံစိမ်းထုတ်လုပ်မှု တစ်ရက်လျှင် စည်ပေါင်း ၁၃ သန်း ရှိသကဲ့သို့ပင် ရေနံစိမ်းထုတ်လုပ်မှု အပြောင်းအလဲမရှိကြောင်းနှင့် ယခင်နှစ်ကထက်စာလျှင် တစ်ရက်လျှင် စည်ပေါင်း ၉၀၀၀၀၀ ခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း (EIA)၏ ပြောကြားချက်အရ သိရသည်။
ရေနံစိမ်းထုတ်လုပ်မှုမှာ တစ်ပတ်လောက် တိုးတက်လာခဲ့ပြီးနောက် ဒုတိယပတ်တွင် အပြောင်းအလဲမရှိခဲ့ပေ။
ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော (EIA)၏ နောက်ဆုံး ကာလတို စွမ်းအင်ဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွင် ဇန်နဝါရီလတွင် ခန့်မှန်းထားသော ရေနံစိမ်းတစ်စည်ဈေးနှုန်း ၆၅ ဒေါ်လာနှင့်နှိုင်းယှဉ်တွက်ချက်မှုအရ ၂၀၂၀ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်းသည် တစ်စည် ၆၁ ဒေါ်လာ ဟု ပျမ်းမျှခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


